စိတ်မကောင်းလိုက် ဘယ်လိုအိပ်ပျော်ရမှန်းမသိတောဘူး
ကိုယ့်ဘ၀အကြောင်းပြန်စဉ်းစားတိုင်းစိတ်မော်တယ်...
ငါဝင်လာတဲ့လမ်းလေးက ပန်းလေးတွေလှပနေခဲ့ဖူးပေမယ့်လဲ
ငါကဒီလမ်းကိုပြန်ဖျက်ဆီးနေတာကိုဘဲ အခုတွေ့ နေရတယ်....
ဒီလမ်းကလေးပြန်သာယာလှပအောင် ဘယ်လိုလုပ်ရမလဲ
ဒီလမ်းကလေးပိုမိုကောင်းမွန်လာအောင် ဘာကိုထည့်ဖြည့်ဆည်းရမလဲ....
ငါဝင်လာတဲ့ဒီလမ်းလေးက အလွယ်တကူရောက်နိုင်ပေမယ့်လဲ
အပြန်လမ်းက အင်မတန်ခက်ခဲတယ်လို့ တွေ့ နေရတယ်....
ကိုယ်တယောက်ထဲမဟုတ်ဘဲ တခြားလူကိုပါရတာ...
စော်ရီးဘဲလို့  ဒီစကားတခွန်းလေးနှင့်ခွင့်တောင်းခုခံလိုက်တော့မယ်...
ငါဝင်လာတဲ့လမ်းလေးက ပျော်ပျော်ပါးပါးရင်းနှင့်ဝင်ရောက်ပေမယ့်လဲ
ဒီကနေ့ ယောက်လာသော ကိုယ်ဖျက်ဆီးထားတဲ့လမ်းမှာ
အခြားလူလဲလိုက်ဒုက်ခရောက်နေရဒါ ငါကြောင့်ဘဲ....
ခွင့်လွတ်ပါလို့ မတောင်းဆိုရဲပါဘူး...
ငါ့ကိုနားလည်မှုပေးပါလို့ ဘဲ တောင်းဆိုချင်ပါတယ်....
ငါဝင်လာတဲ့လမ်းလေးက မျှော်လင့်ချက်ရှိရှိရင်းနှင့်ဝင်ရောက်လာပေမယ့်လဲ
ဒီကနေဖြစ်ပျက်နေတဲ့အရာက လေလွင့်နေတဲ့မျှော်လင့်ချက်လိုသလိုဘဲ
ကိုယ့်ကိုကိုယ်ယုံကြည်အားရမှုလဲ မရှိတော့ပါလား....
ငါရောက်ချင်တဲ့ပန်းတိုင်လေးက....
နီးလာလေလေ ပိုဝေးလာလေလေ ဖြစ်နေတာကိုဘဲငါစိတ်ကူးရင်မိတယ်....
အခုဒီကနေ ငါဘာမှမသိချင်တော့ဘူး.... မသိချင်ဘူး....
အိပ်ခါတိုင်း အိပ်မျက်ကောင်းပေးမယ့်လဲ....
နိုးလာတဲ့ချိန် ငါ့ရဲ့တကယ့်ဘ၀ပြန်ရောက်တဲ့ချိန်က...
အိပ်မျက်ထဲကနဲ့  တခြားဆီပါလား....
ငါ့ဘ၀ကို ငါဘယ်လိုရပ်တည်မလဲ မတွေးချင်ဘူး... မတွေးချင်တော့ဘူး
Tuesday, December 4, 2007
ခေါင်းစဉ်မရှိတဲ့စာသား ပန်းတိုင်မရှိတဲ့ခရီးသည်
Posted by နေကြာပန်း at 10:10 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment